• Follow Us on

Home ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များစတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် အားလုံးပူးပေါင်းပါဝင်ကြမှသာ မိမိတို့သွားချင်သည့်ပန်းတိုင်ကို ဆောလျင်စွာရောက်ရှိမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များစတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် အားလုံးပူးပေါင်းပါဝင်ကြမှသာ မိမိတို့သွားချင်သည့်ပန်းတိုင်ကို ဆောလျင်စွာရောက်ရှိမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၉

 

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နေပြီ ဖြစ် သောကြောင့် အားလုံးပူးပေါင်းပါဝင်ကြမှသာ မိမိတို့သွားချင်သည့်ပန်းတိုင်ကို ဆောလျင်စွာ ရောက်ရှိမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည်  ယမန်နေ့တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်း အနားတွင် ပြောကြားခဲ့သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးသည် ၎င်းတို့နိုင်ငံများ၏  ဖြစ်တည်လာမှုသမိုင်း ကြောင်း၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ စသည်တို့အပေါ် အခြေခံပြီး ပြည်ထောင်စုစနစ်ကို ပုံဖော်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံကိုလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအတွေ့ အကြုံအရ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက်ကိုက်ညီသည့်  နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သော စစ်မှန် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခင် NLD အစိုးရ၏ ရွေးကောက်ပွဲ မဲမသမာမှုမှတစ်ဆင့် နိုင်ငံ တော်အာဏာအား  မသမာသည့်နည်းလမ်းနှင့်  အဓမ္မရယူ ရန်ကြိုးပမ်းသည်ကိုကာကွယ်တားဆီးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသည့်အစိုးရဖြစ်သောကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကို  နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်အဖြစ်ထားရှိပြီး  လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိ ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်သည့်  ရွေးကောက်ပွဲဖြစ်စေရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နေပြီ ဖြစ်သောကြောင့်  အားလုံးပူးပေါင်းပါဝင်ကြမှသာ မိမိတို့သွားချင်သည့်ပန်းတိုင်ကို ဆောလျင်စွာ ရောက်ရှိမည်ဖြစ်ကြောင်း ကိုလည်း အသိပေးပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post