• Follow Us on

Home ရွေးချယ်ပွဲမတိုင်မီ ဝန်ကြီးချုပ်လောင်းအနေနဲ့ လွှတ်တော်အမတ်တွေရှေ့မှာ မိန့်ခွန်းပြောစရာမလို

ရွေးချယ်ပွဲမတိုင်မီ ဝန်ကြီးချုပ်လောင်းအနေနဲ့ လွှတ်တော်အမတ်တွေရှေ့မှာ မိန့်ခွန်းပြောစရာမလို

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉

 

သြဂုတ်လ ၂၂ ရက်နေ့ (အင်္ဂါနေ့) မှာကျင်းပမယ့် ဝန်ကြီးချုပ်လောင်းရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်လောင်းဖြစ်သူ ဟာ လွှတ်တော်အမတ်တွေရှေ့မှာ ၎င်းတို့ရဲ့အမြင်တွေကို တင်ပြစရာမလိုကြောင်း လွှတ်တော်ဥက္ကဋ္ဌက သော ကြာနေ့က ပြောကြားလိုက်ပါတယ်။

 

လွှတ်တော်ဥက္ကဋ္ဌဝန်မူဟာမက်နော်မာသာက သောကြာနေ့က ကျင်းပခဲ့တဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ အောက်လွှတ်တော်အမတ်တွေ စုပေါင်းကျင်းပတဲ့အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေအရ လွှတ်တော်တွင်းမဲပေးရွေးချယ်ပွဲမတိုင်ခင် ဝန်ကြီးချုပ်လောင်းအ နေနဲ့ ၎င်းရဲ့ထင်မြင်ယူဆချက်ကို တင်ပြနေစရာမလိုဘူးဆိုတာကို အစည်းအဝေးတက်ရောက်ခဲ့တဲ့လွှတ်တော် အမတ်အားလုံးက သဘောတူခဲ့ကြောင်း နှစ်နာရီကြာအစည်းအဝေးအပြီးမှာ ၎င်းကပြောကြားခဲ့တာဖြစ်ပါတယ်။

 

လွှတ်တော်အစည်းအဝေးကျင်းပတဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာလည်း အဲဒီလိုဆောင်ရွက်ဖို့ မပါဘူးလို့ဆို ပါတယ်။

 

“လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါ တယ်။” လို့ အောက်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝန်နော်က ပြောပါတယ်။

 

နောက်သီတင်းပတ် အင်္ဂါနေ့မှာကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို မနက် ၁၀ နာရီမှာစတင်ကျင်းပဖို့ သောကြာနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

အမည်စာရင်းတင်သွင်းခံထားရတဲ့ဝန်ကြီးချုပ်လောင်းနဲ့ပတ်သက်ပြီး ငြင်းခုန်ဆွေးနွေးရာမှာ အထက်လွှတ်တော် အမတ်တွေအတွက် ၂ နာရီ၊ အောက်လွှတ်တော်အမတ်တွေအတွက် ၃ နာရီ စုစုပေါင်း ၅ နာရီထက် မကျော်စေ ဖို့ သဘောတူညီခဲ့ကြကြောင်း ဝန်နော်က ပြောပါတယ်။

 

ဝန်ကြီးချုပ်အတွက် မဲပေးရွေးချယ်ပွဲကိုလည်း ညနေ ၃ နာရီထက် နောက်မကျစေဘဲ စတင်ဖို့နဲ့ ညနေ ၅ နာရီခွဲ မှာ အပြီးကျင်းပနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ၎င်းက ပြောပါတယ်။

 

မဲပေးရွေးချယ်ပွဲမှာ တက်ရောက်လာတဲ့ အထက်/အောက် လွှတ်တော်အမတ်အားလုံးကို အမည်စာရင်းခေါ်ယူ ပြီး တစ်ယောက်ပြီး တစ်ယောက် မဲပေးရွေးချယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အစိုးရသစ်ဖွဲ့စည်းဖို့ ညွန့်ပေါင်းအဖွဲ့သစ်ဖွဲ့စည်းထားတဲ့ ဖီယူထိုင်းပါတီဟာ ၎င်းတို့ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအ ဖြစ် လွှတ်တော်အမတ်မဟုတ်သူ ဆရက်သာသာဗီဆင်ကို အမည်စာရင်းတင်သွင်းလာလိမ့်မယ်လို့ ခန့်မှန်းထား ကြပါတယ်။ ဆရက်သာဟာ ဖီယူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်း သုံးဦးထဲက တစ်ဦးဖြစ်ပါတယ်။

 

Ref: PM candidate will not have to address Parliament before Tuesday’s vote

 

#PeopleMedia


Share this post