ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများလုပ်ဆောင်ရန်နှင့် ထိုင်းတွင် အလုပ်အကိုင်ရရှိရေး လူကုန်ကူးခြင်းခံရသည့် တရုတ် ၂၀၀ ဦးအား ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်

PUBLISHED - February 15, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေ အတွင်း အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ လုပ်ဆောင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့အား ဖေဖော်ဝါရီ ၁၄ရက် ညနေ ၇ နာရီချိန်ခန့်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ် နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia