• Follow Us on
Latest News

Home ရွှေကျင်မြို့တွင် မြစ်ရေများဝင်ရောက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ပြောင်းရွှေ့ နေထိုင်

ရွှေကျင်မြို့တွင် မြစ်ရေများဝင်ရောက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ပြောင်းရွှေ့ နေထိုင်

Share this post

နေပြည်တော်၊ ဩဂုတ် ၈

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ် တောင်းမြစ်ရေနှင့် ရွှေကျင်မြစ်ရေများ မြင့်တက်လာကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ယနေ့နံနက်ပိုင်းမှစ၍ ပြောင်းရွေ့လျက်ရှိကြောင်း သိရသည်။

 

စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၀၇၀) စင်တီမီတာနှင့် ရွှေကျင်မြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၇၀၀) စင်တီမီတာဖြစ်ပြီး ယနေ့နံနက် (၁၁) ခွဲအချိန် တိုင်းထွာချက်အရာ စစ်တောင်းမြစ်ရေသည် (၁၁၀၃) စင်တီမီတာနှင့် ရွှေကျင်မြစ်ရေသည် (၆၅၅) စင်တီမီတာသိုရောက်ရှိလာကြောင်း သိရသည်။

 

အဆိုပါမြစ်ရေများ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်၊ မကျည်းတန်းရပ်ကွက်နှင့်အနောက်ဘက်ကျေးရွာများအတွင်းသို ရေများဝင်ရောက်ခဲ့သည့်အတွက် နေအိမ်များ နစ်မြုပ်ခဲ့သည့် ဒေသခံပြည်သူများက မိမိတို့၏နီးစပ်ရာဆွေမျိုးများနေအိမ်သို ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post