• Follow Us on

Home ရွှေဆိုင်ပိုင်ရှင်များ မိမိတို့နေအိမ်နှင့် ရွှေသယ်ယာဉ်များတွင် CCTV ကင်မရာများ တပ်ဆင်ထားရန် ရန်ကုန်ရွှေအသင်း သတိပေး

ရွှေဆိုင်ပိုင်ရှင်များ မိမိတို့နေအိမ်နှင့် ရွှေသယ်ယာဉ်များတွင် CCTV ကင်မရာများ တပ်ဆင်ထားရန် ရန်ကုန်ရွှေအသင်း သတိပေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်များ မိမိတို့နေအိမ်နှင့် ရွှေသယ်ယာဉ်များတွင် CCTV ကင်မရာများ တပ်ဆင်ထားရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတိပေးပန်ကြားထားသည်။

 

ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်များတွင် CCTV များ တပ်ဆင်ထားသည့်အတိုင်း မိမိတို့ နေထိုင်သည့် အိမ်နေရာပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ အရေးပေါ် Alarm Bell များ တပ်ဆင်ခြင်း၊ မိမိတို့ ရွှေငွေသယ်ဆောင်သည့် ယာဉ်များတွင် ကင်မရာတပ်ဆင်ခြင်း၊ GPS စနစ်များ ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အသိပေးထားသည်။

 

အောက်တိုဘာ ၂၁ရက် ညနေ ၆နာရီ ၃၀အချိန်က လှိုင်မြို့နယ် (၄)ရပ်ကွက် အေးရိပ်မွန်လမ်းမကြီး ခြံအမှတ်(၂) ရှေ့တွင် ရွှေသယ်လာသည့် ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ပြီ ရွှေငါးပိဿာလုယက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အသိပေးလာခြင်းဖြစ်သည်။

 

#PeopleMedia


Share this post