• Follow Us on

Home ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ် အရေးယူသွားမည်

ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ် အရေးယူသွားမည်

Share this post

နေပြည်တော်၊ မတ် ၇

 

ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေး ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယမန်နေ့က အစည်းအဝေး တွင် ပြောသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေဈေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် ဈေးနှုန်း အခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် ဈေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ် အရေးယူသွားမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်း ချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် လက်ရှိလုပ်ဆောင် ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ်ကြောင်း ပြောသည်။

 

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ ဈေးကစားမှုများ အပေါ် ကြီးကြပ်အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ အမိန့် ထုတ်ပြန်ရာတွင် အ‌ရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ရန်လည်း ကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအနေဖြင့် ရည်ညွှန်းရွှေဈေးနှုန်းထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအားအရေးယူနိုင်မည့်နည်းလမ်းများကို လည်း ကောင်း၊ အစည်းအဝေးတက်ရောက်လာသူများက လိုအပ်သည့်အမိန့်များထုတ်ပြန်ရာတွင် ဦးစီးဆောင်ရွက် မည့် ဝန်ကြီးဌာန၊ ဆက်လက်ထိန်းချုပ်ကြီးကြပ် ကွပ်ကဲမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို သေချာစွာ စနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးကြောင်း သိရသည်။

 

#PeopleMedia


Share this post