• Follow Us on
Latest News

Home ရွှေညောင်မြို့နယ်တွင် TOYOTA CALDINA ယာဉ်ပေါ်မှ ကျပ် ၂၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ရွှေညောင်မြို့နယ်တွင် TOYOTA CALDINA ယာဉ်ပေါ်မှ ကျပ် ၂၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၁

 

ရှမ်းပြည်နုယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့နယ်တွင် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၂၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၁၉ ရက်နေ့ ည ၆ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွှေညောင်မြို့နယ်၊ တောင်လေးလုံးကျေးရွာအနီးတွင် တောင်ကြီးမြို့ဘက်မှ အောင်ပန်း မြို့ဘက်သို့ ဇော်ဦး(ခ)သက်ဟိန်း မောင်းနှင်လာသည့် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၇.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၄၀)၊ Happy Water အလေးချိန် ၁.၄၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၃၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဦး(ခ)သက်ဟိန်း(၃၄)နှစ်အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post