• Follow Us on
Latest News

Home ရွှေတိဂုံစေတီတော်(အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အဆောက်အဦတည်ဆောက်ကာလမှာ ၁၄ လခန့်ကြာမြင့်မည်

ရွှေတိဂုံစေတီတော်(အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အဆောက်အဦတည်ဆောက်ကာလမှာ ၁၄ လခန့်ကြာမြင့်မည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်း/ တံတား)မှ တာဝန်ယူတည်ဆောက်မည့် ရွှေတိဂုံစေတီတော်(အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူး လူသွားဥမင်(Underpass)အဆောက်အဦရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တိပိဋက သြဝါဒါ စရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ၊ စေတိယင်္ဂဏ ပဝရ သီရိမဟာ ဓမ္မာဂုရု သ. စ . အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး သံဃနာယ ကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ် တရားတော်များ နာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

 

အဆိုပါ မြေအောက်လမ်းကူးဥမင်(Underpass)အဆောက်အဦ တည်ဆောက်ရာတွင် ဥမင်လူသွားလမ်း အကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉လက်မ၊ ဝင်ထွက်ပေါက် ၄ ခု၊ရွေ့လျား စက်လှေခါး ၄ စင်း၊ မသန်စွမ်း သူများ  အသုံးပြုရန် ၁၀ ယောက်စီး စက်လှေကား ၂ စင်းတို့ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ဥမင်တည် ဆောက် ပြီးစီးပါက ၁ နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ တည်ဆောက် ကာလမှာ ၁၄ လခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post