ရွှေတိဂုံစေတီတော်(အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူးလူသွားဥမင်တည်ဆောက်မည်

PUBLISHED - October 20, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ကြီး ကြပ်တည်ဆောက်မည့် ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်) မြေအောက် လမ်းကူးလူသွားဥမင်တည်ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနံက် ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားကို သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တ သီရိန္ဒ ဒဂုံမြို့နယ်အလံပြကျောင်း ဆရာတော်ကြီး အမှူးပြု သော ဆရာတော်၊ သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် တာဝန်ရှိသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ကြသည်။
အဆိုပါ မြေအောက်လမ်း ကူးလူသွားဥမင် (Underpass) တည်ဆောက်ရခြင်းမှာ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင် သို့ ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေ ရေးနှင့် သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေ ရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ပြီး ဥမင်လူသွားလမ်း အကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက် လေးခု၊ ရွေ့လျား စက်လှေကား လေးစင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီးနှစ် စင်းနှင့် စီမံကိန်းကာလမှာ ၁၄ လခန့် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia