• Follow Us on
Latest News

Home ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

Share this post

ရန်ကုန်၊ မတ် ၁၅

 

ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူ ဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပခဲ့ သည်။

 

နံနက်(၈)နာရီအချိန်တွင်  နှစ်ကျိပ်ရှစ်ဆူ‌သောဘုရားရှင်တို့အား ရည်မှန်းပူဇော်သည့်အနေဖြင့် ဗုဒ္ဓရုပ်ပွား တော်များကို ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်၍ ရင်ပြင် တော်တစ်ပတ်ခွဲလှည့်လည်ပူဇော်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည့် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီး တန်ဆောင်းတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ပြီး၊ နံနက် ၉ နာရီအချိန်တွင် ဗုဒ္ဓပူဇနိယတ‌ပေါင်းပွဲတော်ဖွင့်ပွဲအခမ်း အနားကို ဆက်လက် ကျင်းပခဲ့သည်။

 

ဆက်လက်၍ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဘဒ္ဒန္တအဂ္ဂသာမိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမျိုး‌အောင်ဌေးတို့က ဆီမီးတန်ဆောင်ထွန်းညှိပူဇော်၍ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းခဲ့သည်။

 

ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို မတ်လ ၁၅ ရက်နေ့မှ မတ်လ ၂၄ ရက်(တပေါင်းလပြည့်နေ့)အထိ ၁၀ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သံဃာအပါး (၁၂၀)တို့က ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post