ရွှေတောင်မြို့နယ်၌ တရုတ်မှော်ကျေးရွာစာရေးဖြစ်သူ ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - November 1, 2024
နေပြည်တော်၊ နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မမဲကြီးကျေးရွာအနီး၌ တရုတ်မှော်ကျေးရွာစာရေးဖြစ်သူ ဦးအေးမင်းနိုင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာနေ ကျေးရွာစာရေးဖြစ်သူ ဦးအေးမင်းနိုင်(၅၅) နှစ်သည် တရုတ်မှော်ကျေးရွာမှ ရင်းမူကုန်းကျေးရွာသို့ တရုတ်မှော်-ရင်းမူကုန်းသွားကျေးရွာချင်းဆက် မြေနီလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် မမဲကြီးကျေးရွာအနီးအရောက် အသင့် စောင့်နေသည့် အကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဦးအေးမင်းနိုင်အား မမဲကြီးကျေးရွာအနီးတွင် ပစ်ခတ်ခဲ့ရာ နားထင်နှင့် ရင်အုံထိမှန်ပြီး နေရာ၌ပင် သေဆုံး ခဲ့ကြောင်း ပေါင်းတည်မြို့နယ် PDF အကြမ်းဖက်အဖွဲ့ PPDF-၃၆၀၁ တပ်ရင်းမှ ထုတ်ပြန်ထားသည်။
#PeopleMedia