• Follow Us on

Home ရွှေတြိဂံဒေသက ကျားဖျန့်လုပ်ကိုင်သူတွေ အပြီးထွက်ခွာသွားဖို့ လာအိုးအစိုးရ အမိန့်ထုတ်ထား

ရွှေတြိဂံဒေသက ကျားဖျန့်လုပ်ကိုင်သူတွေ အပြီးထွက်ခွာသွားဖို့ လာအိုးအစိုးရ အမိန့်ထုတ်ထား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၅

 

လာအိုနိုင်ငံအနောက်မြောက်ပိုင်း ဘိုကီယိုပြည်နယ်က ရွှေတြိဂံအထူးစီးပွားရေးဇုန်တစ်ခုကနေ ကျားဖျန့် လုပ် ကိုင်သူတွေ သြဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားကြဖို့ လာအိုအစိုးရက အမိန့်ထုတ်လိုက် ပါတယ်။

 

မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်ရာ ဘိုကီယိုပြည်နယ်ရှိ ရွှေတြိဂံ အထူးစီးပွား ရေးဇုန် (GTSEZ) ဟာ လူကုန်ကူးခံလုပ်သားတွေကို အသုံးချနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအပါအဝင် တရားမ ဝင် ရာဇဝတ်မှုလုပ်ငန်းတွေ တသီတတန်းကြီးရှိနေပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့နေရာတစ်ခုဖြစ်လာပါ တယ်။ ဩဂုတ်လ ၉ ရက်နေ့က ဘိုကီယို ပြည်နယ်အုပ်ချုပ်ရေးမှူး၊ လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများနဲ့ GTSEZ ဥက္ကဋ္ဌကျောင်းဝေတို့က အဆိုပါပြဿနာတွေကို ဆွေးနွေးခဲ့ကြောင်း ထိပ်တန်းအရာရှိ တွေကို ကိုးကားပြီး RFA သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

 

ကျားဖျန့်လုပ်ငန်းအားလုံး ဩဂုတ်လ ၂၅ ရက်မတိုင်ခင် အပြီးပိတ်သိမ်းဖို့ လာအိုအာဏာပိုင်တွေက ညွှန်ကြားခဲ့ တယ်လို့ ဆိုပါတယ်။

 

ကျားဖျန့်လုပ်ငန်းတွေဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း အရှေ့တောင်အာရှတစ်ခွင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလာ ခဲ့ပါတယ်။

 

ကိုဗစ် 19 ကာလမှာ အလုပ်အကိုင်ရှာဖွေသူတွေကို အလုပါအကိုင်ကောင်းတွေရမယ်လို့ စည်းရုံးသိမ်းသွင်းပြီး ရောက်ရှိလာတဲ့ဝန်ထမ်းတွေကို အကျဉ်းသားတွေလို ထိန်းသိမ်းထားပြီးနောက် ကျားဖျန့်လုပ်ငန်းတွေ ဆောင် ရွက်ခိုင်းတာဖြစ်ပြီး ငြင်းဆန်တဲ့သူတွေကို မကြာခဏ ရိုက်နှက်ညှင်းပန်းနှိပ်စက်တယ်လို့ ဆိုပါတယ်။

 

ကျားဖျန့်လုပ်ငန်းအများစုဟာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာ အခြေစိုက်တယ်ဆိုပေမဲ့ လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံတို့ ဆုံစည်းရာ မဲခေါင်မြစ်ကမ်းတစ်လျောက်ပေါ်ရှိ GTSEZ မှာလည်း ကျားဖျန့်လုပ်ငန်းတွေ တည်ထောင် ထားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

ရွှေတြိဂံအထူးစီးပွားရေးဇုန် (GTSEZ) ကို မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လာဘ် ပေးလာဘ်ယူမှုနဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးမှုတွေကြောင့် အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှု ဒဏ် ခတ်ပိတ်ဆို့မှုကို ခံထားရတဲ့ တရုတ်နိုင်ငံဖွား စီးပွားရေးလုပ်ငန်းရှင် ကျောင်းဝေက ထိန်းချုပ်ထားပါတယ်။

 

GTSEZ ထဲမှာ ကျားဖျန့်လုပ်ငန်းလုပ်ကိုင်ဖို့ call center ခေါ်တဲ့ အကျဉ်းထောင်လို အခန်းများစွာ ပါရှိတယ်လို့ South China Morning Post သတင်းစာမှာ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

 

GTSEZ ထဲမှာ ကျားဖြန့်လုပ်ငန်း ၄၀၀ ကျော် လုပ်ကိုင်နေပြီး မနှစ်ကရှိတဲ့ ကျားဖြန့်လုပ်ငန်း ၃၀၅ ခုထက် ပိုများလာခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လာအို အာဏာပိုင်တစ်ဉီးက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ကျားဖျန့်လုပ်ငန်း ၃၀၅ ခုရှိခဲ့ရာကနေ ကျားဖျန့်လုပ်ငန်းပေါင်း ၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ ကြောင်း အမည်မဖော်လိုတဲ့ လာအိုအာဏာပိုင်တစ်ဦးက ပြောပါတယ်။

 

လာအိုနဲ့ တရုတ်အာဏာပိုင်တွေဟာ အခုသီတင်းပတ်အထိ ၉ ကြိမ် ဝင်ရောက်စီးနင်းခဲ့ရာမှာ တရုတ်နိုင်ငံသား ၁၂၁၁ ဦးအပါအဝင် ကျားဖျန့်လုပ်ငန်းမှာပါဝင်နေတဲ့ လူပေါင်း ၁၃၈၉ ဦးကို မောင်းထုတ်ခဲ့ပါတယ်။

 

Ref: Laos Issues Ultimatum to Golden Triangle Scam Operators

 

#PeopleMedia


Share this post