• Follow Us on

Home ရွှေနှင့် ငွေကြေးဈေးနှုန်းများသည် မည်သို့မျှမဖြစ်နိုင်သည့်ဈေးနှုန်းများဖြစ်ပြီး ငွေတန်ဖိုးကျဆင်းစေရေးဈေးနှုန်း များကိုဆွဲတင်၍ တိုင်းပြည်၏ စီးပွားရေးကျဆင်းမှုရှိစေရန်ရည်ရွက်ချက်ရှိရှိ ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို

ရွှေနှင့် ငွေကြေးဈေးနှုန်းများသည် မည်သို့မျှမဖြစ်နိုင်သည့်ဈေးနှုန်းများဖြစ်ပြီး ငွေတန်ဖိုးကျဆင်းစေရေးဈေးနှုန်း များကိုဆွဲတင်၍ တိုင်းပြည်၏ စီးပွားရေးကျဆင်းမှုရှိစေရန်ရည်ရွက်ချက်ရှိရှိ ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ ဇွန် ၈

 

ရွှေနှင့် ငွေကြေးဈေးနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့်ဈေးနှုန်းများဖြစ်ပြီး ငွေတန်ဖိုး ကျဆင်းစေရေး ဈေးနှုန်းများကို ဆွဲတင်၍ တိုင်းပြည်၏စီးပွားရေး ကျဆင်းမှုရှိစေရန် ရည်ရွက်ချက်ရှိရှိဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄) ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြီးခဲ့သည့် ဧပြီလအတွင်း ရွှေဈေးနှင့်ငွေကြေးဈေးနှုန်းများ သဘာဝ မကျဘဲ အဆမတန် ပြောင်းလဲလာသည်ကိုတွေ့ရပြီး ဝိသမစီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ရွှေဈေးနှင့်ငွေကြေးဈေးများသည့် ရှိသင့်ရှိထိုက်သည့်၊ ဖြစ်သင့်သည့်ဈေးနှုန်းသို့ တဖြည်းဖြည်းကျဆင်းရှိ လာခဲ့ပြီဖြစ် ကြောင်း၊ ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်များပြိုလဲအောင် လုပ်ဆောင်မှုများနှင့် ငွေကြေးကမောက်ကမဖြစ်အောင်ဆောင်ရွက်ခြင်းများကို မိမိတို့အနေဖြင့် ကြုံတွေ့ခဲ့ရပြီး ထိုသို့သော အခက်အခဲအကြပ်အတည်းများကြားမှ နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ ပြန်လည်ဦးမော့ လာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောသည်။

 

အလားတူ အိမ်ယာမြေဝယ်ယူခြင်းနှင့်ပတ်သက်၍လည်း တရားမဝင် ရရှိလာသည့် ငွေကြေးများဖြင့် ပြည်ပနိုင်ငံ များတွင် အိမ်ယာမြေဝယ်ယူခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့်စည်း ကမ်းဥပဒေနှင့် အညီ စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ရွှေနှင့် ငွေကြေး ဈေးနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့်ဈေးနှုန်းများဖြစ်ပြီး ငွေတန်ဖိုး ကျဆင်းစေရေး ဈေးနှုန်းများကို ဆွဲတင်၍ တိုင်းပြည်၏စီးပွားရေး ကျဆင်းမှုရှိစေရန် ရည်ရွက်ချက်ရှိရှိဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ငွေကြေး တန်ဖိုးတက်ခြင်း၊ ကျခြင်း ထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်မည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးကျဆင်း စေရန်ရည်ရွယ်၍ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းဖြစ်သဖြင့် ငွေဈေး တည်ငြိမ်ရန်အရေးကြီးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရွှေကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားဆိုရာတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် မိမိတို့၏ အန္နိမရည်မှန်းချက်ပင်ဖြစ် သည့်အတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကောင်စီဝင်များအနေ ဖြင့်လည်း ရှေ့လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး၊ ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေး မိမိတို့လုပ်ဆောင်နိုင်သည်မှန် သမျှကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြ ရန်မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post