• Follow Us on
Latest News

Home ရွှေပြည်သာတွင် ရာထူးတိုးလာဖြေသည့် ရဲအုပ်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် PDF က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

ရွှေပြည်သာတွင် ရာထူးတိုးလာဖြေသည့် ရဲအုပ်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် PDF က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ “ဝေယံ” လက်ဖက်ရည်ဆိုင်တွင် ရာထူးတိုးလာဖြေသည့် ရဲအုပ်တစ်ဦးအား PDF အဖွဲ့ဝင်များက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

စက်တင်ဘာလ (၁၃)ရက် ညနေ (၂)နာရီ (၄၅)မိနစ်အချိန်က ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် အောင်သက် ထွေး (၃၆) နှစ်သည် “ဝေယံ” လက်ဘက်ရည်ဆိုင်၌ လက်ဘက်ရည် သောက်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် PDF အဖွဲ့ဝင်နှစ်ဦး ရောက်ရှိလာပြီး တစ်ဦးမှ ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ရဲအုပ် အောင်သက်ထွေးအား အမွှေး တိုင် ထွန်းထားသည့် ပန်းစည်းပေး၍ သေနတ်ဖြင့် (၃) ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရဲအုပ် အောင်သက်ထွေး၌ ယာဘက်ရင်အုံ ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက် (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ရဲအုပ်အောင်သက်ထွေးအား ဆရက(၁/၁၀၀၀)သို့ ပို့ဆောင်ခဲ့ရာ ဆေးရုံသို့ ရောက်ရှိစဉ် ညနေ (၃) နာရီအချိန်ခန့်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post