ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနရုံးကို PDF အဖွဲ့ဝင်များမှ ဗုံးဖြင့် ပစ်ခတ်မှုကြောင့် မီးသတ်ဝန်ထမ်း (၂) ဦး ဒဏ်ရာ ရ
PUBLISHED - November 9, 2023
နေပြည်တော်၊ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနရုံးကို PDF အဖွဲ့ဝင်များ မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် မီးသတ်ဝန်ထမ်း (၂) ဦး ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ (၈)ရက် နံနက် (၈)နာရီခန့်က ရွှေဘိုခရိုင်မီးသတ်ရုံးထဲသို့ ဆိုင်ကယ်စီးလာသည့် PDF အဖွဲ့ဝင် (၂)ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုကြောင့် ရွှေဘိုခရိုင် မီးသတ်ရုံးမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည်ဖြိုးအောင် ၃၀ နှစ်နှင့် အသက် ၃၀ ကျော်အရွယ်ရှိ အကြီးတန်းစာရေး အမျိုးသမီး တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။
လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သည့် မီးသတ်ဝန်ထမ်းနှစ်ဦးအား ရွှေဘိုမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၃)ရက်ကလည်း ရွှေဘိုမြို့၊ အမှတ် (၅)ရပ်ကွက်ရှိ ရွှေဘိုမြို့နယ် ပြည်သူ့ဆေး ရုံကို မိုင်းလာထောင်သည့် အမျိုးသမီးတစ်ဦး မိုင်းပေါက်ကွဲသဖြင့် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။
#PeopleMedia