ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် စတင်ဆောင်ရွက်
PUBLISHED - July 2, 2024
နေပြည်တော်၊ ဇူလိုင် ၂
ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးခြင်း အစီအစဉ်ကို ဇူလိုင် ၁ ရက်နေ့မှ စတင်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
အဆိုပါ အစီအစဉ်အရ ရွှေဘိုပေါ်ဆန်း (၁၀၈)ပေါင် (၂၄) ပြည် တစ်အိတ်လျင် (၁၅၂,၀၀၀) ကျပ်၊ ဧရာဝတီ ပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျင် (၁၃၀,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၁၀)ကီလို (၅)ပြည်ခန့် တစ်အိတ် လျင် (၂၆,၅၀၀)ကျပ်ဖြင့် အရည်အသွေးမှန်၊ အလေးချိန်မှန် ဆန်အိတ်များကို အိမ်အရောက်စတင် ပေးပို့ခဲ့ ကြောင်း သိရသည်။
ယင်းအစီအစဉ်ဖြင့် စားသုံးဆန်များမှာယူလိုပါက Viber ဖုန်းနံပါတ်များဖြစ်သည့် ၀၉၄၀၀၀၆၇၂၄၀၊ ၀၉၄၀၀၀၆၇၂၅၀၊ ၀၉၄၀၀၀၆၇၂၆၀ တို့ကို ဆက်သွယ်မှာယူနိုင်ပြီး ငွေကြိုတင်ပေးပို့ မှာကြားနိုင်ကြောင်း၊ ငွေပေးသွင်းပြီး (၃)ရက်အတွင်း အိမ်အရောက် ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia