• Follow Us on

Home ရွှေဘိုမြို့တွင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိ

ရွှေဘိုမြို့တွင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ရွာသာကျေးရွာအနီးတွင် PDF များကိုင်ဆောင်သည့် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂ ရက် နံနက် ၁၀ နာရီကျော်တွင် လုံခြုံရေးတပ်ဖွဲ့မှ ရွှေဘိုမြို့ရှိ ကျေးရွာတစ်ချို့ကို လုံခြုံရေး တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ရွာသာကျေးရွာအနီးတွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်ရာတွင် PDF များ၏ လက်လုပ်ရီမုမိုင်း ၂၀ လုံး၊ လက်လုပ်တိုက်မိုင်း ၄ လုံး၊ ၁၂ ဗို့ ဆိုင်ကယ်ဘတ္တရီ ၁၉ လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post