• Follow Us on

Home ရွှေဘိုမြို့တွင် ဈေးရောင်းချနေသည့် အမျိုးသားတစ်ဦး မိုင်းစထိမှန်၍ ဒဏ်ရာရ

ရွှေဘိုမြို့တွင် ဈေးရောင်းချနေသည့် အမျိုးသားတစ်ဦး မိုင်းစထိမှန်၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ကြက်တက်ကျေးရွာအနီးတွင် ဈေးရောင်းချသည့် အမျိုး သားတစ်ဦး PDF များထောင်ထားသည့် လက်လုပ်မိုင်းမှာပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မကြာသေးမီရက်ပိုင်းက ရွှေဘိုမြို့ရှိ ညောင်ပင်သာကျေးရွာသို့ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသား တစ်ဦး ဈေးများလိုက်လံရောင်းချစဉ် ကြက်တက်ကျေးရွာအနီးအရောက်တွင် PDF များထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒဏ်ရာရရှိသည့် အသက် (၃၉) နှစ်အရွယ် ဦးဖြိုးမင်းဝေမှာ ဦးခေါင်းနှင့် ဘယ်ဘက်ခြေထောက်တို့တွင် မိုင်းစထိမှန်ခဲ့ကြောင်း၊ ၎င်းမှာရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post