• Follow Us on

Home ရွှေဘိုမြို့တွင် ဒေသခံလူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်

ရွှေဘိုမြို့တွင် ဒေသခံလူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဒေသခံလူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၄ ရက် နေ့လည် ၁၂:၁၅ အချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူတစ်ဦးမှ ဒေသခံလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကူအညီတောင်းသောကြောင့် လူမှုကူညီရေး ယာဉ်ဖြင့် အသင်းဥက္ကဋ္ဌမှ တစ်ဦးထဲသွားရောက်ခဲ့ကြောင်း သိရသည်။

 

ထိုအချိန်တွင် ရွှေဘိုမြို့အဝင် ကားကြီးဝင်းကြားရှိ ရွှေမြိုင်ဗိုလ်လမ်းကြားအရောက်တွင် သေနတ်များ ကိုင်ဆောင်ပြီး အနက်ရောင် ဘောင်းဘီ၊ အနက်ရောင်အင်္ကျီနှင့် အနက်ရောက်မျက်နှာဖုံးများဝတ်ဆင် ထားသည့် PDF များမှ ထိုလူမူကူညီရေးယာဉ်အား ရပ်ခိုင်းပြီး မော်တော်ယာဉ်နှင့် အသင်းဥက္ကဋ္ဌကို ဖမ်းဆီးသွားကြောင်း သိရသည်။

 

ထိုဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အသင်းဥက္ကဋ္ဌ ဦးနေမျိုးထွန်းမှာ လက်ရှိအချိန်တွင် အဆတ်သွယ် မရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post