ရွှေဘိုမြို့တွင် ယာဉ်နောက်လိုက်သည့် အမျိုးသားတစ်ဦး မိုင်းစထိမှန်၍ ဒဏ်ရာရ

PUBLISHED - December 9, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့အထွက် ကျောက်မြောင်းကျေးရွာအနီးလမ်းဘေးတွင် ၂၂ ဘီး ယာဉ်တစ်စီး မိုင်းစထိမှန်၍ ယာဉ်နောက်လိုက်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၇ ရက် ညနေ ၇ နာရီကျော်တွင် မိုးကောာင်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ၂၂ ဘီး ယာဉ်မှာ ရွှေဘိုမြို့၊ ကျောက်မြောင်းကျေးရွာအနီးလမ်းဘေးတွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။
ထိုမိုင်းစထိမှန်သည့် အသက် (၂၃) နှစ်အရွယ် ကိုသိန်းဇော်အောင်မှာ ပုသိမ်ကြီးမြို့တွင် နေထိုင်သူဖြစ်ပြီး မိုင်းစထိမှန်မှုကြောင့် ညာဘက်လက်မောင်းတွင် မိုင်းစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia