• Follow Us on
Latest News

Home ရွှေဘိုမြို့တွင် ရစဖမှူး(ပြည်သူ့စစ်အဖွဲ့ဝင်) တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ရွှေဘိုမြို့တွင် ရစဖမှူး(ပြည်သူ့စစ်အဖွဲ့ဝင်) တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ (၉) ရပ်ကွက်တွင် ရစဖမှူး(ပြည်သူ့စစ်အဖွဲ့ဝင်) တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီကျော်တွင် မြင်းစီးကျေးရွာတွင် နေသည့် ရစဖမှူး(ပြည်သူ့စစ်အဖွဲ့ဝင်) ဦးဌေးအောင်မှာ ၎င်း၏တူဖြစ်သူနှင့်အတူ ရွှေဘိုမြို့သို့ Mark II ယာဉ်ဖြင့် ထွက်ခွာလာစဉ် ရွှေဘိုမြို့၊ (၉) ရပ်ကွက်အရောက်တွင် ထိုယာဉ်နောက်၌ မောင်းနှင်လိုက်ပါလာသည့်မော်တော်ယာဉ်မှ ကျော်တက်၍  ဦးဌေးအောင်အား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် ဒဏ်ရာရရှိသည့် အသက် (၅၀) နှစ်အရွယ် ရစဖမှူး(ပြည်သူ့စစ်အဖွဲ့ဝင်) ဦးဌေးအောင်မှာ စခတ(၈) တပ်တွင်းဆေးခန်း၌ ဆေးကုသပေးခဲ့ပြီးနောက် မဆရ(၁) နန်းတွင်းသ့ို လွှဲပြောင်းပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post