• Follow Us on

Home ရွှေဘိုမြို့တွင် လက်ဖက်ရည်သောက်နေသည့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ရွှေဘိုမြို့တွင် လက်ဖက်ရည်သောက်နေသည့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ် (၆) ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်တွင် အုပ်ချုပ် ရေးမှူးတစ်ဦး လက်ဖက်ရည်သောက်နေစဉ် သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် အမှတ် (၆) ရပ်ကွက်၊ “ပန်တလင်း” ဘုန်းကြီးကျောင်း အနောက် မုခ်ဦးအနီးရှိ လက်ဖက်ရည်ဆိုင်သို့ PDF များရောက်ရှိလာပြီး ထိုဆိုင်တွင် လက်ဖက်ရည်သောက် နေသည့် အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးမြတ်မျိုးထွန်းမှာ ကျည်ထိမှန်၍ အခင်းနေရာတွင် သေဆုံးသွား ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post