ရွှေဘိုမြို့တွင် ဝက်သားသည်၊ အမဲသားသည်အပါအဝင် ပြည်သူ (၆) ဦးအနက် (၃) ဦးသေဆုံး (၃) ဦးဒဏ်ရာရ

PUBLISHED - September 25, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် PDF များ သတ်ဖြတ်မှုကြောင့် ဝက်သားသည်၊ အမဲသား သည်အပါအဝင် ပြည်သူ (၆) ဦးအနက် (၃) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရွှေဘိုမြို့ရှိ ဈေးတောင်ဘက်တွင် ဗုံးပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရွှေဘိုမြို့၊ တဲကြီးရွာတွင် နေအိမ်၌ အမဲသားရောင်းနေစဉ် သတ် ဖြတ်ခံရပြီးနောက် ရှားတောကျေးရွာတွင်နေသည့် ဝက်သားသည် အမျိုးသမီးလည်း PDF များမှ လာရောက် သတ်ဖြတ်သွားကြောင်း သိရသည်။
“သူတို့တွေက လိုင်စင်ယူရောင်းတဲ့သူတွေ။ ခုံနဲ့သေချာရောင်းပြီး လက်ကားဖြန့်ရောင်းတဲ့သူတွေ။ မနက်ခင်း ဆိုင်ကယ်တွေနဲ့ PDF တွေရောက်လာပြီးတော့ သတ်သွားတာ” လို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။
အလားတူ သီးလုံးရှိ တောထဲသို့သွားသည့် ဇနီးမောင်နှံနှစ်ဦး PDF များထောင်ထားသည့် မိုင်းအားနင်းမိ၍ ဒဏ်ရာရရှိပြီး၊ ကင်းဗျားမူးဘောင်တွင် နွားကျောင်းသားတစ်ဦးလည်း နွားကျောင်းရင်း မိုင်းစထိမှန်၍ ဒဏ်ရာ ရရှိပြီး ဆေးကုသနေကြောင်း သိရသည်။
Photo – Credit
#PeopleMedia