• Follow Us on
Latest News

Home ရွှေဘိုမြို့တွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ရွှေဘိုမြို့တွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရ သည်။

 

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရွှေဘိုမြို့၊ ချီပါ(မြောက်) ကျေးရွာတွင် နေသည့် ဦးထွန်းနိုင်မှာ PDF များ၏ ပစ်ခတ်မှုကြောင့် ကျည်ထိဒဏ်ရာ (၄) ချက်ဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံး သွားကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ဇူလိုင်လ ၁၄ ရက် နေ့လည် ၃:၁၀ မိနစ်အချိန်တွင် ရွှေဘိုမြို့၊ (၇) ရပ်ကွက်တွင် နေသည့် အမျိုးသားတစ်ဦးမှာ မော်တော်ဆိုင်ကယ်မောင်းနှင်ပြီး ရွှေဘိုမြို့၏ တောင်ဘက် ၇ ဖာလုံခန့် အော င်မြေဘုရား အနီးရှိ လမ်းမတွင် PDF များမှ ထိုအမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်ရာ ထိုအမျိုးသားမှာ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post