ရွှေဘိုမြို့တွင် အမျိုးသမီးတစ်ဦး လက်လုပ်မိုင်းပေါက်ကွဲ၍ သေဆုံး

PUBLISHED - September 25, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဝက်လည်ရွဲရပ်ရှိ မြို့မဈေးကြီးတောင် ဘက်တွင် PDF များထောင်ထားသည့် လက်လုပ်မိုင်းမှာပေါက်ကွဲ၍ သေဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများမှ သွားရောက်ခဲ့ကြောင်း ရုပ်အလောင်းကို ဆေးရုံ သို့ပို့ဆောင်ထားကြောင်း သိရသည်။
ထိုလက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး၏ ဘယ်ဘက်ရင်အုံမှာ ပေါက်ထွက်ပြီး သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia