• Follow Us on

Home ရွှေဘိုမြို့တွင် PDF အလောင်း (၄) လောင်းနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရွှေဘိုမြို့တွင် PDF အလောင်း (၄) လောင်းနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ဇီးဖြူကုန်းကျေးရွာတွင် PDF အလောင်း (၄) လောင်းနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁ ရက် နံနက်ခင်းအချိန်တွင် ဇီးဖြူကုန်းကျေးရွာရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့မှ သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ထိုအပြန်အလှန်ပစ်ခတ်ရာတွင် PDF အလောင်း( ၄) လောင်း၊ AK 47 ၂ လက်၊ ကာဘိုင် ၁ လက်၊ ၁၂ ဘို ၁ လက်၊ ပစ္စတို ၂ လက်၊ လုပ်သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်မိုင်း ၂၃ လုံးနှင့် ခဲ ယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post