ရွှေဘိုမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

PUBLISHED - October 2, 2023
နေပြည်တော်၊ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ကြက်တက်ကျေးရွာတွင် PDF အလောင်း (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့များမှ ရွှေဘိုမြို့ရှိ ကြက်တက်ကျေးရွာတွင် PDF များနေသည့်နေရာသို့ သွားရောက်ရှင်းလင်းရာ တွင် ထိုကျေးရွာရှိ စာသင်ကျောင်းနှင့် သုဿာန်တွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ ကြောင်း သိရသည်။
ထိုပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် PDF အလောင်း (၂) လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက် လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်ရှော့တိုက် ၂၈ ခု၊ လက်လုပ်ရှော့တိုက်ဒုံး သီး ၁၀ လုံး၊ ၁၂ ဗို ဘက္တရီ ၅ လုံး၊ အရှည်ပေ ၂၀၀ ခန့်ဝါယာကြိုး ၁ခွေ၊ ဘော့စေ့ (၅၀) လုံးပါ ၅၄ ဘူး၊ ကား ၁ စီး၊ ထိပ်တုံး ၁ ခုနှင့် ဆိုင်ကယ်မျိုးစုံ ၁၁ စီးတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia