• Follow Us on

Home ရွှေဘိုမြို့နယ်တွင် မင်္ဂလာဆောင်ပွဲသို့ PDF က Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးကာ ၁၆ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

ရွှေဘိုမြို့နယ်တွင် မင်္ဂလာဆောင်ပွဲသို့ PDF က Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးကာ ၁၆ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာရှိ ဦးစိုးပိုင်၏ နေအိမ်၌ နိုဝင်ဘာလ ၈ ရက်တွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏ မြောက်ဘက်မှနေ၍ Drone များ အသုံးပြုကာ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ  ဗုံးသီး ကျရောက်ပေါက်ပွဲမှုကြောင့် မင်္ဂလာဆောင်သို့ရောက်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး အသက် ၁၀ လ အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၁၆ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ မင်းကြီးဘုန်းတော်ကြီးကျောင်းတိုက်၌ နံနက် ၁၀ နာရီခန့်တွင် ဆွမ်းကျွေးပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက Drone များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ကျရောက်ပေါက်ပွဲမှုကြောင့် ဆွမ်းကျွေးအလှူပွဲသို့ ရောက်ရှိနေသည့် သံဃာ တော် ၁ ပါးနှင့် အမျိုးသမီး ၁ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post