ရွှေဘိုမြို့နယ်တွင် မိုင်းထောင်နေသည့် PDF ၂ ဦးအား ပစ်ခတ်ရှင်းလင်း

PUBLISHED - November 13, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာအနီးတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က မိုင်း ထောင်နေသည့် PDF ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သိရသည်။
ပြည်သူများ၏ သတင်းပေးပို့ချက်အရ ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာအနီး မိုင်းထောင်ရန် ပြုလုပ်နေသည့် အကြမ်းဖက် PDF များကို လုံခြုံရေးတပ်ဖွဲ့များသည် သွားရောက်ရှင်းလင်းခဲ့ရာ PDF ၂ လောင်း၊ လက်လုပ် စလစ်မိုင်း ၁ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ဘက္ထရီအိုး ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia