• Follow Us on
Latest News

Home ရွှေဘိုမြို့နယ်တွင် PDF ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

ရွှေဘိုမြို့နယ်တွင် PDF ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၏ အနောက်ဘက်တွင် PDF ထောင်ထားသည့် မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြီးခဲ့သည့်ရက်ပိုင်းက သလုံးကျေးရွာနေ ဦးထွန်းဦး (၅၈) နှစ်သည် ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၏ အနောက်ဘက်ရှိ ၎င်းပိုင်ယာခင်းသို့လမ်းလျောက်သွားစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထား သည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ဦးထွန်းဦးတွင် ဝဲပေါင်၊ ယာခြေသလုံးတို့၌ မိုင်းစထိမှန်ဒဏ်ရာ များ ရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

 

#PeopleMedia


Share this post