• Follow Us on
Latest News

Home ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံ ၇၀၀ ကျော်အား နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံ ၇၀၀ ကျော်အား နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်နေ ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှ စတင်ထွက်ခွာခဲ့ကြသည်။

 

အဆိုပါ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြုလျက် ယမန်နေ့တွင် ရွှေဘိုမြို့ပေါ်ရပ်ကွက် များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၂၀ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၉ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ ကလေးရောဂါ ၅၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၃ ဦး၊ မျက်စိရောဂါ ၂၃၀ ဦးနှင့် သွားရောဂါ ၄၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေ ခွဲစိတ်လူနာ ၈ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၄ ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး သည်။

 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၉ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက် ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေး ထပ်‌ဆောင်းထိုးနှံရန်လိုအပ်သူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biome tric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

#PeopleMedia


Share this post