ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ မင်္ဂလာဆောင်ပွဲကို PDF မှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - December 6, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ မင်္ဂလာဆောင်ပွဲကို PDF မှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ ဦးလင်းမောင်၏ နေအိမ်၌ ဒီဇင်ဘာ ၄ ရက်တွင် မင်္ဂလာဆောင်ပွဲ ပြုလုပ်နေစဉ် မွန်းလွဲ ၃ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ၎င်းကျေးရွာ၏ တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ ကျောက်မြင့် ကျေးရွာဘက်မှနေ၍ Drone များအသုံးပြုကာ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ရာ မင်္ဂလာဆောင်သို့ ရောက်နေသည့် အပြစ်မဲ့ဒေသခံ ပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia