• Follow Us on
Latest News

Home ရွှေဘိုမြို့နယ် ချီပါကျေးရွာ စာသင်ကျောင်းတစ်ခုအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရွှေဘိုမြို့နယ် ချီပါကျေးရွာ စာသင်ကျောင်းတစ်ခုအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချီပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အတွင်းရှိ ကျောင်းဆောင်များ အတွင်းမှ PDF အဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

 

ဩဂုတ်လ ၂၀ ရက် နံနက် ၅ နာရီချိန်ခန့်တွင် ချီပါကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသေးစိတ် ရှင်း လင်းခဲ့ရာ ကျောင်းသား/သူများ ပညာသင်ကြားရာတွင် အသုံးပြုသည့် အခြေခံပညာ အထက်တန်းကျောင်း အတွင်းရှိ ကျောင်းဆောင်များ၌ PDF အဖွဲ့ဝင်များ သိမ်းထားသော လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

 

သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများမှာ လက်လုပ်သေနတ်(အရှည်) ၈ လက်၊ လက်လုပ်သေနတ်(အတို) ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ ပြောက်ကျားယူနီဖောင်း ၈ စုံ၊ ဝါယာကြိုး(နီ/နက်) ၁ ခွေ၊ ရီမု ၄ ခု၊ Wish အမျိုးအစား လိုင်စင်မဲ့ကား ၁ စီး တို့ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post