• Follow Us on
Latest News

Home ရွှေဘိုမြို့နယ် ထွေအုပ်ရုံးမှ အငယ်တန်းစာရေး အမျိုးသမီးကြီးတစ်ဦးကို ရွှေဘို PDF အဖွဲ့များမှ ဖမ်းဆီး သတ်ဖြတ်

ရွှေဘိုမြို့နယ် ထွေအုပ်ရုံးမှ အငယ်တန်းစာရေး အမျိုးသမီးကြီးတစ်ဦးကို ရွှေဘို PDF အဖွဲ့များမှ ဖမ်းဆီး သတ်ဖြတ်

Share this post

နေပြည်တော်၊ မတ် ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အငယ်တန်းစာရေး အမျိုးသမီး ကြီးတစ်ဦးကို ရွှေဘို PDF အဖွဲ့များမှ ဖမ်းဆီးကာ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

မတ်လ (၂၄)ရက် ည (၁၂)နာရီအချိန်က ရွှေဘိုမြို့၊ အမှတ် (၇)ရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၃) နှစ်အရွယ် ဒေါ်မြမြငြိမ်းအား ရွှေဘို PDF အဖွဲ့ဝင်များမှ ဝင်ရောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

PDF အဖွဲ့များ ထုတ်ဖော်ပြသခဲ့သည့် ရုပ်သံဖိုင်တွင် ဒေါ်မြမြငြိမ်းအား လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ ထိုင်ခိုင်းပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်သည်ကို တွေ့ရှိရသည်။

 

အဆိုပါ ဒေါ်မြမြငြိမ်းအား ဖမ်းဆီးသတ်ဖြတ်ခြင်းကို ရွှေဘို PDF အဖွဲ့များဖြစ်သည့် သိင်္ခအားမာန်၊ ရွှေဘို အားမာန်၊ Shwebo Crocodile နဲ့ သူတိုရဲ့ မဟာမိတ်ဖြစ်တဲ့ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်း ရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ) တန(၂) တပ်ပေါင်းစုတို့က စုပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်း အဖွဲ့များမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post