ရွှေဘိုမြို့နှင့် တစ်မိုင်ကျော်သာကွာဝေးသည့် ချီပါကျေးရွာတွင် ရိက္ခာသွားပို့သည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်သွေးကြွတွေ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေ
PUBLISHED - November 6, 2024
နေပြည်တော်၊ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ပလိုင်းကျေးရွာကို ရိက္ခာသွားပို့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တည်သီးတောကျေးရွာ ပြည်သူ့စစ် အဖွဲ့ဝင်များကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရသည်။
စစ်သွေးကြွများအနေဖြင့် တည်သီးတောပြည်သူ့စစ်အဖွဲ့ဝင်များကို ရွှေဘိုမြို့နှင့် တစ်မိုင်ကျော်သာ ဝေးကွာသည့် ချီပါကျေးရွာတွင် ပိတ်ဆို့ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် နေခြင်းဖြစ်ကြောင်း သိရသည်။
ချီပါကျေးရွာသို့ ရောက်ရှိနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို ရွှေဘိုမြို့နယ်ရှိ ငါးဆူကုန်း၊ လုံးတော်၊ မဲတောရွာ စသည့်ကျေးရွာများမှ စစ်သွေးကြွ PDF အဖွဲ့ဝင်များက ပူးပေါင်းကာ ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။
#PeopleMedia