ရွှေဘိုမြို့နှင့် (၁၂)မိုင်သာ ဝေးကွာသည့် တည်သီးတော၊ ညောင်ကိုင်း ပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာ ပြတ်တောက်နေ၊ နယ်မြေရှင်းလင်းပေးရန် ဒေသခံများ တောင်းဆို
PUBLISHED - October 28, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တည်သီးတောနှင့် ညောင်ကိုင်း ပြည်သူ့စစ်ကျေးရွာများနှင့် ရွှေဘိုမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ပိတ်ဆို့ထားခြင်းကြောင့် ရိက္ခာများ ပြတ်တောက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“လမ်းကြောခင်းဖို့လည်း မလွယ်ဘူး။ လမ်းကြောခင်းတိုင်းလည်း PDF က လမ်းကနေ ဖြတ်စောင့်ပြီးတော့ တိုက်ခိုက်တယ်။ ဒရုန်းတွေနဲ့ တရစပ် ချတဲ့အတွက်ကြောင့် လမ်းကြောမခင်းရဲဘူး။ စားနပ်ရိက္ခာတွေ ပြတ်နေ တယ်။ ဘာမှ မရှိတော့ဘူး။ ဘာမှလည်း လုပ်ကိုင်ပြီး စားလို့လည်း မရဘူးဖြစ်နေတယ်။ လုပ်ရင်လည်း PDF က မိုင်းတွေထောင်တယ်။ ဒရုန်းတွေနဲ့ လာချတယ်” ဟု တည်သီးတောကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်သွေးကြွ PDF အဖွဲ့ဝင်များ အနေဖြင့် တည်သီးတောနှင့် ညောင်ကိုင်းပြည်သူ့စစ်ကျေးရွာများ အတွင်းသို့ နေ့စဉ် ဒရုန်းဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်နေကြောင်း သိရသည်။
ရွှေဘိုအနောက်ခြမ်းရှိ ပြည်သူ့စစ်ကျေးရွာများမှာ သလုံး၊ ပန်းရံ၊ ဇီးကုန်းလေး၊ မြင်းချင်း၊ ဇီးဖြူကုန်း၊ တည်သီးတော၊ ညောင်ကိုင်း စသည့်ကျေးရွာများဖြစ်ပြီး အခြားကျေးရွာအားလုံးသည် PDF စိုးမိုးသည့် ကျေးရွာများဖြစ်သည်။
စစ်သွေးကြွ PDF အဖွဲ့ဝင်များ အနေဖြင့် ရွှေဘိုနှင့် ဒီပဲယင်းနယ်စပ်ရှိ မူးကမ်းကြီးရွာတွင် အချုပ်ထောင်များ ဖွင့်လှစ်ထားပြီး လက်လုပ်တောင်ရွာနှင့် မြောက်ရွာတွင်လည်း NUG ဆေးခန်းများ ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောသည်။
#PeopleMedia