• Follow Us on

Home ရွှေဘိုမြို့နှင့် (၉)မိုင်ခန့်သာ ဝေးကွာသည့် ပလိုင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပြည်သူ (၁၈၀) ကျော် ပိတ်မိကာ ရိက္ခာပြတ်တောက်နေ

ရွှေဘိုမြို့နှင့် (၉)မိုင်ခန့်သာ ဝေးကွာသည့် ပလိုင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပြည်သူ (၁၈၀) ကျော် ပိတ်မိကာ ရိက္ခာပြတ်တောက်နေ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပြည်သူ (၁၈၂)ဦး ပိတ်မိကာ ရိက္ခာပြတ်တောက်နေကြောင်း သိရသည်။

 

“ဆန်တွေကလည်း စပါးတွေကို မောင်းထောင်းစားနေရတယ်။ တစ်နေ့ကို ဆန် (၃)တင်းပေါင်းရတယ်။ သက်ကြီးရွယ်အိုတွေ အများကြီးပါတယ်။ ရွာသာယာက PDF က တိုက်ထုတ်လိုက်တော့ ပလိုင်းကို လာပူးပေါင်းကြတာပေါ့။ လူဦးရေ (၁၈၂)ယောက်ရှိတယ်။ ကျောင်းသူ၊ ကျောင်းသားတွေလည်း ရှိတယ်။ ဒီမှာ ပိတ်မိနေကြတာ။ ဆေးဝါးမရှိသည့်အတွက် ကိုယ်ဝန်ဆောင်သည်တွေလည်း ဒုက္ခရောက်နေကြတယ်” ဟု ပိတ်မိနေသည့် ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းအပြင် ရွှေဘိုမြို့နှင့် ပလိုင်းကျေးရွာသည် (၉)မိုင်ခန့်သာ ဝေးကွာသော်လည်း စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ပိတ်ဆို့ထားသည့်အတွက် မြို့သို့ သွားရောက်ရန် လမ်းမပွင့်သဖြင့် အခက်အခဲကြုံနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

 

“ဘေးပတ်လည်က PDF ရွာတွေချည်းပဲ။ ရွှေဘိုကနေ ပလိုင်းကြားက ရွာတွေ အကုန်လုံးက PDF ရွာတွေချည်းပဲ။ မိုင်းတွေလည်း တအားထောင်ထားတာ။ လမ်းကြောက မပွင့်ဘူး။ အခု အခက်အခဲတွေ ဖြစ်နေတာပေါ့။ (၁၁)ရက်နေ့ည (၈)နာရီကနေ (၁၂)ထိ ဒရော့ဗုံး အလုံး (၃၀)နဲ့ ရှော့တိုက်ဒုန်း အလုံး (၅၀) ပစ်တယ်။ (၁၃)ရက်နေ့ညကလည်း (၈)နာရီကနေ (၁၀)နာရီခွဲထိ ဒရော့ဗုန်းတွေနဲ့ အမြဲတမ်းလာပစ်တယ်” ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

ယင်းအတွက်ကြောင့် ပလိုင်ကျေးရွာတွင် ပိတ်မိနေသည့် ပြည်သူ့စစ်များနှင့် ပြည်သူများကို နေရာရွှေ့ပြောင်းပေးရန် တောင်းဆိုနေကြသည်။

 

“ပိတ်မိနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များ မိသားဝင်များနှင့် ပြည်သူများအားလုံးကို ရွှေ့ပြောင်းပေးဖို့ တောင်းဆိုထားတယ်။ အတော်ကို ဒုက္ခရောက်နေပါတယ်။ ရွှေဘိုမြို့နားကို အနီးဆုံးလေး ပြောင်းပေးပါဆိုပြီး တင်ပြထားတယ်။ မြို့နယ်က တစ်နေရာရာထားပေး အကုန်လုံးရွှေ့မယ်ဆိုပြီး ပြောနေကြတယ်။ ဘယ်နေရာပဲထားထားပေါ့နော်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

#PeopleMedia


Share this post