• Follow Us on

Home ရွှေဘိုမြို့ပေါ်နှင့် ကျေးလက်နေပြည်သူ ၅၅၈၀ ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးခဲ့

ရွှေဘိုမြို့ပေါ်နှင့် ကျေးလက်နေပြည်သူ ၅၅၈၀ ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

စစ်ကိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့် ကျေးလက်နေဒေသခံပြည်သူ ၅၅၈၀ ဦး တို့အား စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ လိုအပ်သည့် ကျန်းမာရေး စောက်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထပ်ဆောင်းထိုးနှံရန် လိုအပ်သူ ၃၄၂ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၆၅ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၄၁၇ ဦး၊ ကလေးရောဂါ ၃၀၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၄၅ ဦး၊ အရိုးရောဂါ ၇၆၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄၈ ဦး၊ မျက်စိရောဂါ ၁၃၀၀ ဦး၊ သွားရောဂါ ၄၂၈ ဦး စုစုပေါင်းပြည်သူ ၅၅၈၀ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သာမန်ခွဲစိတ်လူနာ စုစုပေါင်း ၅၆ ဦး၊ မျက်စိခွဲစိတ်လူနာစုစုပေါင်း ၆၂ ဦး၊ ရွေ့လျားခွဲစိတ်ယာဉ်၊ ရွေ့လျားဓာတ် မှန်ရိုက်ယာဉ်များဖြင့် ခွဲစိတ်ကုမှု ဆောင်ရွက်ပေးနိုင်ခဲ့‌ကြောင်း သိရသည်။

 

ထို့အပြင် ဓာတ်မှန်ရိုက်လူနာစုစုပေါင်း ၃၁၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာစုစုပေါင်း ၂၈၃ ဦး၊ Ultra-sound စမ်းသပ်လူနာစုစုပေါင်း ၄၂၈ ဦး နှင့် ဓာတ်ခွဲစမ်းသပ်မှု လူနာစုစုပေါင်း ၅၉၉ ဦးတို့ကို ရောဂါရှာဖွေစမ်း သပ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်လျက်ရှိသည့် ဒေသခံ ပြည်သူ ၂ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ စနစ်တကျလွှဲပြောင်း ကုသမှု များဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဒေသခံပြည်သူ ၇၂၂ ဦးတို့ကို လူဝန်မှုကြီးကြပ်ရေး နှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက် အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆေးမှူးများ နှင့် သူနာပြုများပါဝင်သော အထူး ဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။

 

#PeopleMedia


Share this post