• Follow Us on
Latest News

Home ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံ ၆၂၁ ဦး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံ ၆၂၁ ဦး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသ နာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၆၂၁ ဦး တို့ကို လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယမန်နေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၃ ဦး၊ ခွဲစိတ် ရောဂါ ၄၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၉ ဦး၊ ကလေးရောဂါ ၄၀ ဦး၊ အရိုးရောဂါ ၇၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၁၆၀ ဦးနှင့် သွားရောဂါ ၃၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေ ခွဲစိတ်လူနာ ၄ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၂ ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး ခဲ့သည်။

 

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၀ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၁ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်း သပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေးထပ်ဆောင်း  ထိုးနှံရန်လိုအပ်သူ ၁၈ ဦးအား ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။ ထို့ပြင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post