• Follow Us on

Home ရွှေဘိုမြို့ပေါ်ရှိ KTV ၌ ဆိုပျော်လုပ်နေသည့် PDF အဖွဲ့ဝင် (၄) ဦး အသေ၊ (၁) ဦးအရှင် ဖမ်းဆီးရမိ

ရွှေဘိုမြို့ပေါ်ရှိ KTV ၌ ဆိုပျော်လုပ်နေသည့် PDF အဖွဲ့ဝင် (၄) ဦး အသေ၊ (၁) ဦးအရှင် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ ဒေသအခေါ်စက်မှုဇုန်ရပ်ရှိ ညမွှေးပန်း KTV တွင် ဆိုပျော်လုပ်နေသည့် PDF အဖွဲ့ဝင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးရာ အသေ (၄) ဦးနှင့် အရှင် (၁) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ (၂၇) ရက်က ရွှေဘိုမြို့ရှိ ညမွှေးပန်း KTV တွင် PDF အဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှ PDF အဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ သည်။

 

အဆိုပါ ပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် (၄) ဦး သေဆုံးသွားပြီး (၁) ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သေဆုံးသွားသည့် PDF အဖွဲ့ဝင်များမှာ ရွှေဘိုကျားကြီးအဖွဲ့နှင့် တာနောယက္ခပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း ယင်းအဖွဲ့များမှ သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post