• Follow Us on
Latest News

Home ရွှေဘိုမြို့ရှိ သုဿာန်တစ်ခုတွင် PDF များ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

ရွှေဘိုမြို့ရှိ သုဿာန်တစ်ခုတွင် PDF များ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ကြက်တက်ကျေးရွာရှိ သုဿာန်တွင် PDF များ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

စက်တင်ဘာလ ၂ ရက် နံနက်ခင်းအချိန်တွင် လုံခြုံရေးတပ်ဖွဲ့မှ ကြက်တက်ကျေးရွာသို့ ဝင်ရောက်ရှင်းလင်းရာ တွင် ထိုကျေးရွာရှိ စာသင်ကျောင်းနှင့် ကျေးရွာအနီး သုဿာန်အတွင်း၌ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရရှိသည်များမှာ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ လက်လုပ် သေနတ် ၂ လက်၊ လက်လုပ်ရှော့တိုက်ပြောင်း ၂၈ ခု၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁၀ လုံး၊ ၁၂ ဗို့ ဘက္တရီ ၅ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၁၁ စီးနှင့် အခြားဆက်စပ်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post