• Follow Us on

Home ရွှေဘိုမြို့ရှိ သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံပြည်သူ ၉၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရွှေဘိုမြို့ရှိ သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံပြည်သူ ၉၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၉၁၅ ဦးတို့ကို နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် ယမန်နေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၅ ဦး၊ ခွဲစိတ် ရောဂါ ၆၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁၅၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၆၂ ဦး၊ မျက်စိရောဂါ ၁၉၈ ဦးနှင့် သွားရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၁၂ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၄ ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၅၂ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃၀ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ် တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေး ဝန်ကြီးဌာနအစီ အစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ထိုးနှံရန်လိုအပ်သူ ၆၃ ဦးအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် မျက်စိခွဲစိတ်ကုသမှု ခံယူထားသည့် ဒေသခံပြည်သူများအား ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက နေကာမျက်မှန်များ တပ်ဆင်ပေးသည်။ ထို့ပြင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့ နယ်ဦးစီးမှူးရုံးမှ Biometric အချက် အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post