• Follow Us on
Latest News

Home ရွှေဘိုမြို့၊ မြို့မဈေးအတွင်းသို့ PDF များက Drone ယာဉ်ဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကိုရင် (၁) ပါးနှင့် ကလေးငယ် (၂) ဦးအပါအဝင် အရပ်သားအများအပြား ထိမှန်ဒဏ်ရာရရှိ

ရွှေဘိုမြို့၊ မြို့မဈေးအတွင်းသို့ PDF များက Drone ယာဉ်ဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကိုရင် (၁) ပါးနှင့် ကလေးငယ် (၂) ဦးအပါအဝင် အရပ်သားအများအပြား ထိမှန်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၄) ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ မြို့မဈေးအတွင်းသို့ ယမန်‌နေ့နံနက်ပိုင်း တွင် PDF များက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရွှေဘိုမြို့မဈေးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဈေးအတွင်း သား/ငါး အရောင်းဆိုင်များအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီး ရောက်ရှိ နေကြသည့် ကိုရင် အာလောက(ခ)အာကာကျော်နှင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ပြည်သူအမျိုး သား ၃ ဦး၊ အမျိုးသမီး ၅ ဦးတို့တွင်လည်း ဗုံးသီးစများ အသီးသီး ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါဒဏ်ရာရရှိ သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

 

ထိုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post