• Follow Us on

Home ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအတွင်း ဗုံးလာပစ်သည့် အမျိုးသမီးတစ်ဦး လက်ထဲဗုံးကွဲသဖြင့် လက်နှစ်ဖက်ပြတ်

ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအတွင်း ဗုံးလာပစ်သည့် အမျိုးသမီးတစ်ဦး လက်ထဲဗုံးကွဲသဖြင့် လက်နှစ်ဖက်ပြတ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ၊ ရွှေဘိုပြည်သူ့ဆေးရုံသို့ ဗုံးလာပစ်သည့် အမျိုးသမီးတစ်ဦးသည် ၎င်း၏ လက်ထဲတွင် ဗုံးပေါက်ကွဲသွားသဖြင့် လက်နှစ်ဖက်ပြတ်သွားကြောင်း သိရသည်။

 

အောက်တိုဘာလ (၂၃) ရက်၊ နံနက် (၁၁) နာရီဝန်းကျင်က ပပ အသက် (၃၀) နှစ်သည် လက်လုပ်မိုင်း ထည့် ထားသည့် ဂျင်းလွယ်အိတ် ၁ လုံးအား ဆေးရုံအတွင်းရှိ လူနာဆောင်များရှိရာသို့ ယူဆောင်လာချိန် ဆေးရုံအုပ် ကြီး ရုံးခန်းရှေ့ ကွန်ကရစ်လမ်းမပေါ်၌ပင် ပေါက်ကွဲသွားကြောင်း သိရသည်။

 

ထိုသု့ိ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံ ပြတင်းတံခါးအချို့ ပျက်စီးသွားပြီး ဗုံးလာပစ်သည့် ပပသည် လက်နှစ်ဖက် ပြတ်သွားကာ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ဗုံးပစ်ရန်လာသည့် တစ်ဦး လွတ်မြောက်သွားကြောင်း သိရသည်။

 

ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကို ဗုံးလာပစ်သည့် အမျိုးသမီးသည် ရွှေဘိုမြို့၊ ဆင်ရုံ အမှတ်(၇)ရပ်ကွက်မှ မပပ (၃၀) နှစ် ဖြစ်ကြောင်း သိရှိရပြီး ဗုံးပေါက်ကွဲခြင်းကြောင့် ဒဏ်ရာရရှိခဲ့သဖြင့် လက်ရှိအချိန်တွင် အဆိုပါ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

 

#PeopleMedia


Share this post