• Follow Us on
Latest News

Home ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့ကို တိုက်ခိုက် ဖျက်ဆီးမယ်လို့ စစ်သွေးကြွတွေ ကြွေးကြော်နေ

ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့ကို တိုက်ခိုက် ဖျက်ဆီးမယ်လို့ စစ်သွေးကြွတွေ ကြွေးကြော်နေ

Share this post

မန္တလေး၊ ဇန်နဝါရီ ၈

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ဝက်လက်မြို့နဲ့ အရာတော်မြို့တို့ကို တိုက်ခိုက်ဖျက်ဆီးမယ်လို့ စစ်သွေးကြွအဖွဲ့တွေ က ကြွေးကြော်လျက်ရှိနေသည်။

 

ရွှေဘိုမြို့နေ ပြည်သူတစ်ဦးက “ဒီလ ၁၅ ရက်နေ့ပတ်လည်မှာ မြို့ကို တိုက်မယ်လို့ ဒီကောင်တွေ ကြွေးကြော် နေတော့ မြို့ခံတွေကတော့ တော်တော်လေး စိတ်ပူနေကြတယ်။ ရွှေဘိုမြို့အနီးမှာကလည်း ဒီကောင်တွေ ခြေကုပ်ယူထားတဲ့ ရွာတွေက ရှိနေတော့ မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူး” လို့ မြို့ခံတစ်ဦးက ပြောသည်။

 

ထို့အတူ အရာတော်မြို့နေ ပ-သ-စ တစ်ဦးက “အရာတော်မြို့ကို ချက်ချင်းတိုက်ဖို့က ခက်ပါတယ်။သို့သော် မြို့အနီးက ပ-သ-စ ရွာတွေကို ၁၅ ရက်နေ့တိုက်မယ်လို့ အသံတွေ ထွက်နေတယ်” လို့ပြောသည်။

 

“ဝက်လက်မြို့က ပိတ်ဆို့ခံထားရတာကြာပြီ။ ပြီးရင် ရှိမ်းမကားနယ်မြေရဲစခန်းက ထီးထီးကြီးရှိနေတော့ သတိထားရမယ်။” လို့ မြို့ခံတစ်ဦးက ပြောဆိုသည်။

 

လက်ရှိ ရက်ပိုင်းအတွင်း၌ ဝက်လက်မြို့ကို တိုက်ခိုက်ရန် စစ်သွေးကြွများက လမ်းပိုင်များကို ပိတ်ဆို့မှု ပြုလုပ်မှုများရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post