• Follow Us on

Home ရွှေဘို – မုံရွာ ဖြတ်လမ်းရှိ အရာတော်နှင့် ငွေတွင်းပြည်သူ့စစ်ရွာကြားလမ်းကို စစ်သွေးကြွတွေ ပိတ်ဆို့ကာ ဆက်ကြေးကောက်နေ၊ အမြန်ဆုံး ရှင်းလင်းပေးရန် ဒေသခံများ တောင်းဆို

ရွှေဘို – မုံရွာ ဖြတ်လမ်းရှိ အရာတော်နှင့် ငွေတွင်းပြည်သူ့စစ်ရွာကြားလမ်းကို စစ်သွေးကြွတွေ ပိတ်ဆို့ကာ ဆက်ကြေးကောက်နေ၊ အမြန်ဆုံး ရှင်းလင်းပေးရန် ဒေသခံများ တောင်းဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ရွှေဘို-မုံရွာဖြတ်လမ်းရှိ အရာတော်မြို့နှင့် ငွေတွင်းပြည်သူ့စစ်ရွာ လမ်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ပိတ်ဆို့ကာ ဆက်ကြေးကောက်နေသဖြင့် အမြန်ဆုံး ရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

 

အရာတော်မြို့နှင့် ငွေတွင်းပြည်သူ့စစ်ကျေးရွာသည် (၄)မိုင်ခန့်သာ ဝေးကွာပြီး ယခင်က ပြည်သူ့စစ်များ စိုးမိုးထားသော်လည်း လက်ရှိအချိန်တွင် စစ်သွေးကြွများမှ စိုးမိုးကာ ဆက်ကြေးကောက်နေခြင်းဖြစ်သည်။

 

“အရာတော်နဲ့ ငွေတွင်းရွာက (၄)မိုင်ပဲ ဝေးတယ်။ ခါတိုင်းဆို ပြည်သူ့စစ်တွေ စိုးမိုးနေတဲ့နေရာပေါ့။ ခုတော့ PDF တွေက စိုးမိုးပြီးတော့ ဂိတ်တွေချပြီး ဆက်ကြေးတွေကောက်နေတယ်။ တပ်နယ်ကလည်း ထိထိရောက်ရောက် မရှင်းလင်းဘူး။ ပြည်သူ့စစ်တွေကိုလည်း ပြတ်ပြတ်သားသား မလုပ်ခိုင်းဘူးပေါ့နော်။ ရွှေဘို- မုံရွာ ဖြတ်လမ်း ပေါ့နော်။ ကြားထဲမှာ မြေနက်ဆိုတာရှိတယ်။ မြေနက် ဆီဆိုင်ရှေ့မှာပေါ့ သူတို့ ဆက်ကြေးကောက်နေတာ။ မြေနက်ရွာနဲ့ ငွေတွင်းပြည်သူ့စစ်နဲ့ဆို တစ်မိုင်လောက်ပဲ ကွာတယ်ပေါ့နော်” ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ အရာတော်- ငွေတွင်းကျေးရွာလမ်းကို ပိတ်ဆို့ထားသဖြင့် ငွေတွင်းကျေးရွာ ပြည်သူ့စစ်များအနေဖြင့် လမ်းဖောက်ကာ သွားလာနေရကြောင်းနှင့် အဆိုပါလမ်းများကိုလည်း စစ်သွေးကြွ များမှ မိုင်းထောင်နေကြောင်း သိရသည်။

 

“ခါတိုင်းဆို အရာတော်ကို အဲလမ်းကသွားတာ။ ခုဆို ပတ်လမ်းတစ်ခုလုပ်ပြီး သွားနေရတယ်။ လမ်းခင်းပြီး သွားတဲ့အခါလည်း ဟိုတလောက မိုင်းဆွဲခံရတယ်။ ပြည်သူ့စစ်တစ်ယောက် ဒဏ်ရာရတာပေါ့နော်။ ခုဆို ငွေတွင်း အရာတော်လမ်းက သူတို့နဲ့ အနီတွေပဲ သွားလို့ရတယ်။ အစိမ်းတွေ ပြည်သူ့စစ်တွေဆို အဖမ်းခံရ တယ်။ ငွေနဲ့ရွေးရတယ်။ အစောပိုင်းကဆို သတ်ပစ်တယ်။ သူတို့အနီတွေကိုပဲ ဖွံ့ဖြိုးအောင်လုပ်ပေးနေတယ်။ အစိမ်းတွေဆို လုံးဝသွားလို့မရအောင် ကုန်လည်းကူးမရအောင် တောလည်းထွက်မရအောင် မိုင်းတွေလိုက် ထောင်ထားတာပေါ့” ဟု ဒေသခံများက ပြောသည်။

 

ယင်းအပြင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ငွေတွင်းပြည်သူ့စစ်ကျေးရွာမှ ဒေသခံများကို အလုပ်လုပ် ကိုင်၍ မရစေရန် မိုင်းထောင်ခြင်းများလည်း ပြုလုပ်နေကြောင်း ငွေတွင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

 

“တောသူတောင်သားတွေ အလုပ်လုပ်လို့ မရအောင်လည်း မိုင်းတွေထောင်ထားတယ်။ အရပ်သားတစ်ယောက် သေတယ်။ ပြည်သူ့စစ်တစ်ယောက်သေတယ်။ နှစ်ယောက်က မိုင်းထိ ဒဏ်ရာရတယ်။ ဒီနေ့လည်း တစ်ယောက်ထိတယ်။ ယာခင်းထဲမှာ နှမ်းမှုန်းရင်းနဲ့ ခိုက်မိတာပေါ့နော်။ မူးရေ ပြွန်ပေါက်တွေလည်း သွားဖွင့်လို့ရှိရင် အဲမှာလည်း ထောင်တယ်။ ဟိုတလောက မိုင်းထိပြီးတော့ တစ်ယောက် သေသွားတယ်” ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

#PeopleMedia


Share this post