• Follow Us on
Latest News

Home ရွှေရောင်းဝယ်ရာတွင် မရိုးဖြောင့်သောသဘောဖြင့် ကံစမ်းမဲများပေး၍ ဈေးနှုန်းတက်နိုင်သည့် အလားသဏ္ဍာန်ဆောင်သောနည်းလမ်းများဖြင့်ရောင်းဝယ်ခြင်းမပြုလုပ်ကြရန် FMGEA ထုတ်ပြန်

ရွှေရောင်းဝယ်ရာတွင် မရိုးဖြောင့်သောသဘောဖြင့် ကံစမ်းမဲများပေး၍ ဈေးနှုန်းတက်နိုင်သည့် အလားသဏ္ဍာန်ဆောင်သောနည်းလမ်းများဖြင့်ရောင်းဝယ်ခြင်းမပြုလုပ်ကြရန် FMGEA ထုတ်ပြန်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

ရွှေရောင်းဝယ်ရာတွင် မရိုးဖြောင့်သောသဘောဖြင့် အခြေပစ္စည်းများ၊ ကံစမ်းမဲများပေး၍ ဈေးနှုန်းတက်နိုင်သည့် အလားသဏ္ဍာန်ဆောင်သောနည်းလမ်းများဖြင့် ရောင်းဝယ်ခြင်း မပြုလုပ်ကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် FMGEA မှ အသိပေးထုတ်ပြန်ထားသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/၂၀၂၄ဖြင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အား ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါအမိန့်ကြော်ငြာစာ၏အခန်း(၅)၊ အပိုဒ် (၂၀)တွင် လုပ်ငန်းလိုင်စင်ရရှိသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် ရွှေရောင်းဝယ်ရာတွင် မရိုးဖြောင့်သော သဘောဖြင့် အခြေပစ္စည်းများ၊ ကံစမ်းမဲများပေး၍ ဈေးနှုန်းတက်နိုင်သည့်အလားသဏ္ဍာန်ဆောင်သော နည်းလမ်းများဖြင့် ရောင်းဝယ် ခြင်းမပြုရဟုပါရှိကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ မလိုလားအပ်သည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အလို့ငှာ တိုင်းနှင့် ပြည်နယ်များရှိ ရွှေလုပ်ငန်းရှင်များအပါအဝင် တစ်နိုင်ငံလုံးရှိ ရွှေလုပ်ငန်းရှင်များအနေဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဖေဖောဝါရီ ၂၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၅၅/၂၀၂၄ အား တိကျစွာလိုက်နာကျင့်သုံးဆောင်ရွက်ကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် FMGEA မှ အသိပေးအကြောင်းကြားထားသည်။

 

မကွေးမြို့ရှိ ပွင့်ထွန်း(၁)စိန်ရွှေရတနာဆိုင်မှလည်း အထက်တွင်ဖော်ပြခဲ့သော အမိန့်ကြော်ငြာစာပါ အကြောင်းအရာများကို တိကျစွာ လိုက်နာကျင့်သုံးရန် အခြေအနေဖြစ်ပေါ်လာပါသဖြင့် လက်ရှိမိမိတို့ဆောင်ရွက်နေသည့် ဒုတိယအကြိမ် ကံထူးရှင်များရွေးချယ်မည့် အစီအစဉ်အား ယနေ့မှစတင်၍ ရပ်နားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post