• Follow Us on

Home ရှစ်ပါတီညွန့်ပေါင်းအဖွဲ့သစ် ဖီယူထိုင်းပါတီဖွဲ့စည်း

ရှစ်ပါတီညွန့်ပေါင်းအဖွဲ့သစ် ဖီယူထိုင်းပါတီဖွဲ့စည်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀

 

ဖုန်ဂျိုင်ထိုင်းပါတီနဲ့အတူ ဖီယူထိုင်းပါတီဟာ နောက်ထပ် ၆ ပါတီကိုစည်းရုံးထားပြီး အစိုးရသစ်တစ်ရပ်ဖွဲ့စည်းဖို့ ကြိုးပမ်းနေရာ ၎င်းတို့အနေနဲ့ ထိုင်းအောက်လွှတ်တော်မှာ အဓိကနေရာတွေကို ရရှိထားပြီဖြစ်ကြောင်း ဗုဒ္ဓဟူး နေ့က ကြေညာလိုက်ပါတယ်။

 

ဆန္ဒပြမယ့်သူတွေကို ရှောင်ရှားဖို့အတွက် ထပ်မံပူးပေါင်းလာတဲ့ပါတီတွေနဲ့ ဆွေးနွေးပွဲကို လွှတ်တော်ထဲမှာပဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

ဖီယူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲကို ဝင်ရောက်လာတဲ့ ခြောက်ပါတီကတော့ ပရာချာချတ်ပါတီ၊ ဆီရီရူဝမ်ထိုင်း (ထိုင်းလစ်ဘရယ်) ပါတီ၊ ဖီယူထိုင်းရူဝမ်ပါလန်ပါတီ၊ ပါလန်ဆောင်ခွန်မိုင်ပါတီ၊ ထိုင်းကောင်တီ ပါတီနဲ့ ချတ်ပတ္တနာကလာပါတီတို့ဖြစ်ပါတယ်။

 

အဲဒီပါတီတွေထဲက ပရာချာချတ်ပါတီ၊ ဆီရီရူဝမ်ထိုင်း (ထိုင်းလစ်ဘရယ်) ပါတီ၊ ဖီယူထိုင်းရူဝမ်ပါလန်ပါတီ၊ ပါ လန်ဆောင်ခွန်မိုင်ပါတီတို့ဟာ ဖီယူထိုင်းပါတီပါဝင်ခဲ့ပြီး Move Forward ပါတီဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ပထမ ညွန့် ပေါင်းအဖွဲ့ထဲက ပါတီတွေဖြစ်ပါတယ်။

 

အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ရှိတဲ့အနက် အခုဖွဲ့စည်းလိုက်တဲ့ ညွန့်ပေါင်းအဖွဲ့သစ်မဲအရေအတွက်ဟာ ၂၂၈ မဲပဲရှိပေမဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ၂၅၁ မဲထက်မနည်းရရှိမှာဖြစ်တယ်လို့ ဖီယူထိုင်းပါတီခေါင်းဆောင် ချိုနန်ဆ ရီကောက ထပ်လောင်းပြောကြားလိုက်ပါတယ်။

 

ပါတီအနေနဲ့ လွှတ်တော်အမတ် ၁၀ ဦးအနိုင်ရထားတဲ့ ချတ်ထိုင်းပတ္တနာပါတီနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ဆွေး နွေးဖို့ စီစဉ်ထားတဲ့အတွက် နောက်ထပ်လွှတ်တော်အမတ်တွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ကြောင်း ဖီယူထိုင်း ပါတီက ပြောပါတယ်။

 

ဖီယူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ၊ စီးပွားရေးကိစ္စနဲ့ နိုင်ငံရေးအရမတူ ကွဲပြားမှုလို့ အမည်တပ်ထားတဲ့ အကျပ်အတည်းသုံးခုကို ပြေလည်အောင်ဖြေရှားရာမှာ ကူညီဆောင်ရွက်သွားဖို့ အဓိကရည်မှန်းထားကြောင်း ချိုနန်က ပြောပါတယ်။

 

ဖီယူထိုင်းပါတီအနေနဲ့ တခြားလွှတ်တော်အမတ်တွေရဲ့ နိုင်ငံရေးအယူအဆ ဘယ်လိုပဲကွဲပြားနေပါစေ လွှတ် တော်အမတ်တစ်ဦးချင်းစီက ထောက်ခံမှုရရှိအောင် တောင်းခံသွားမှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

အဲဒီအကျပ်အတည်းသုံးခု ပြေလည်သွားအောင် ဖီယူထိုင်းပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုဆောင် ရွက်သွားမယ်ဖြစ်တယ်လု့ိ ဆိုပါတယ်။

 

မျှော်လင့်မထားတဲ့အခြေအနေအောက်မှာ အစိုးရသစ်ကို ဖွဲ့စည်းနေရတာဖြစ်တဲ့အတွက် ဖီယူထိုင်းပါတီအနေနဲ့ ထိုင်းနိုင်ငံအကျပ်အတည်းထဲက ရုန်းထွက်နိုင်အောင် လူတိုင်းဆီကထောက်ခံမှုကို ကြိုဆိုကြောင်း ဖီယူထိုင်းပါ တီရဲ့ ဒုတိယခေါင်းဆောင် ဖမ်သမ်ဝီချာယာချိုင်းက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

 

Ref: Pheu Thai adds six more parties to coalition, claims majority in House: The Nation

 

#PeopleMedia


Share this post