ရှစ်ပါတီညွန့်ပေါင်းအဖွဲ့ ညီညွတ်မှုရှိနေဆဲဖြစ်ကြောင်း Move Forward ပါတီပြော
PUBLISHED - July 31, 2023
နိုင်ငံတကာ၊ ဇူလိုင် ၃၁
ဖီယူထိုင်းပါတီကဦးဆောင်မယ့် အစိုးရသစ်အဖွဲ့ထဲကနေ Move Forward ပါတီကို ထုတ်ပစ်မှာလားဆိုတဲ့ ထင် မြင်ယူဆချက်တွေကို Move Forward ပါတီက ငြင်းဆိုလိုက်ပြီး ရှစ်ပါတီညွန့်ပေါင်းအဖွဲ့ကြားထဲက ညီညွတ်မှု ဟာ မထိခိုက်ဘဲရှိနေဆဲဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
အစိုးရသစ်ဖွဲ့စည်းရေးမှာ မူရင်းညွန့်ပေါင်းရှစ်ပါတီအပြင် ဖုန်ဂျိုင်ထိုင်းပါတီနဲ့ ချတ်ထိုင်းပတ္တနာပါတီတို့ကိုပါဖိတ် ခေါ်ထားကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ ပါလန်ပရာချတ် (PPRP) ပါတီနဲ့ United Thai Nation ပါတီက တော့ ပါဝင်မှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လာမယ့် သြဂုတ်လ ၄ ရက် (သောကြာနေ့) မှာကျင်းပမယ့် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဖီယူထိုင်းပါတီက ဆရက် သာသာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
မူရင်းရှစ်ပါတီညွန့်ပေါင်းအဖွဲ့က ၃၁၂ မဲ အပြင် ဖုန်ဂျိုင်းထိုင်းပါတီက ၇၁ မဲနဲ့ ချတ်ထိုင်းပတ္တနာပါတီက ၁၀ ထပ် မံပေါင်းထည့်လိုက်ရင် မစ္စတာဆရက်သာဟာ ထောက်ခံမဲ ၃၉၃ မဲ ရမှာဖြစ်တဲ့အတွက် ဝန်ကြီးချုပ်အဖြစ်တာဝန် ထမ်းဆောင်ခွင့်ရဖို့ သတ်မှတ်ထားတဲ့ မဲကိုတောင် ကျော်လွန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်လောင်းတစ်ဦးဟာ အောက်လွှတ်တော်/အထက်လွှတ်တော်နှစ်ရပ် စလုံးမှာရှိတဲ့ လွှတ်တော်အမတ် ၇၅၀ ရဲ့ ထက်ဝက်ကျော်ထောက်ခံမဲဖြစ်တဲ့ ၃၇၆ မဲကို အနည်းဆုံးရရှိရမှာဖြစ် ပါတယ်။
ဒါပေမဲ့ Move Forward ပါတီနဲ့ သဘောထားကွဲလွဲနေတဲ့ ဖုန်ဂျိုင်ထိုင်းပါတီက ညွန့်ပေါင်းအဖွဲ့ထဲကိုဝင်လာရင် Move Forward ပါတီအနေနဲ့ ညွန့်အပေါင်းအဖွဲ့ထဲကထွက်ခွာသွားဖို့ ဆုံးဖြတ်နိုင်ပြီး အတိုက်အခံပါတီတစ်ခုဖြစ် လာနိုင်ပေမဲ့ ဖီယူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးနိုင်သေးတယ်လို့ စောင့်ကြည့်လေ့လာသူ တွေက ခန့်မှန်းထားကြပါတယ်။
ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ Move Forward ပါတီက ညွန့်ပေါင်းအဖွဲ့ထဲမှာရှိနေမယ် ဆိုရင် ၎င်းတို့အနေနဲ့ အစိုးရအဖွဲ့ထဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ ဖုန်ဂျိုင်ထိုင်းပါတီက ကြေညာထားတဲ့အချိန်မှာ ဖုန်ဂျိုင်ထိုင်းပါတီက အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ အဂတိလိုက်စားမှုနဲ့ အယုံအကြည်မရှိအဆိုတင်သွင်းခံထားရတဲ့အတွက် အဲဒီ ပုဂ္ဂိုလ်တွေကို စုံစမ်းစစ်ဆေးဖို့ Move Forward ပါတီက ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမဲ့ Move Forward ပါတီသာ ညွန့်ပေါင်းအဖွဲ့ထဲက ထွက်သွားမယ်ဆိုရင် ဖီယူထိုင်းပါတီက ပါလန်ပရာချတ် (PPRP) ပါတီ၊ ဒီမိုကရက်ပါတီနဲ့ United Thai Nation (UTN) ပါတီတို့ကို ညွန့်ပေါင်းအဖွဲ့ထဲပါဝင်ဖို့ ထပ်မံဖိတ် ခေါ်နိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
ဖီယူထိုင်းပါတီဟာ Move Forward ပါတီမပါဘဲ ဖုန်ဂျိုင်ထိုင်းပါတီကို ပါလန်ပရာချတ် (PPRP) ပါတီနဲ့ United Thai Nation (UTN) ပါတီတို့ကို ဖိတ်ခေါ်ပြီး အစိုးရဖွဲ့စည်းခွင့်ပြုနိုင်တယ်ဆိုတဲ့သတင်းတွေကိုတော့ Move Forward ပါတီက လွှတ်တော်အမတ်ပြောခွင့်ရပုဂ္ဂိုလ် ရိုင်းဆိုင်းမန်ရုမ်းက ပယ်ချလိုက်ပါတယ်။
ဖုန်ဂျိုင်ထိုင်းပါတီဟာ လွှတ်တော်ထဲမှာ မဲအများဆုံးအနိုင်ရရှိထားတဲ့ပါတီမဟုတ်တဲ့အတွက် အစိုးရတစ်ရပ်ဖွဲ့ စည်းဖို့ တရားဝင်အခွင့်အာဏာမရှိကြောင်း မစ္စတာရိုင်းဆိုင်းမန်က ပြောပါတယ်။
Ref: MFP calm amid rejig buzz: Bangkok Post
#PeopleMedia