• Follow Us on
Latest News

Home ရှမ်းနီလူမျိုးများအား လူမျိုးသုန်းပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သည့်အတွက် ပြင်းထန်စွာဆန့် ကျင်ကန့်ကွက်ရှုံ့ချကြောင်း (SNA) ထုတ်ပြန်

ရှမ်းနီလူမျိုးများအား လူမျိုးသုန်းပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သည့်အတွက် ပြင်းထန်စွာဆန့် ကျင်ကန့်ကွက်ရှုံ့ချကြောင်း (SNA) ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

ရှမ်းနီလူမျိုးများအား လူမျိုးသုန်းပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သည့်အတွက် အဆိုပါ လုပ်ရပ် အား ပြင်းထန်စွာလုံးဝ(လုံးဝ)ဆန့်ကျင်ကန့်ကွက် ရှုံ့ချကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် SNA မှ ထုတ် ပြန်ထားသည်။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် PDFအမည်ခံ ကူးကီးချင်းလက်နက်ကိုင်အဖွဲ့များမှ မိမိတို့ရှမ်းနီဒေသဖြစ် သော စစ်ကိုင်းတိုင်း အောင်ဇေယျမြို့ သနန်ရွာတွင် ရှမ်းနီအမျိုးသား အပြစ်မဲ့ပြည်သူ ၃၇ ဦးနှင့် ကလေး သူငယ်ပါမကျန် မိသားစုလိုက်အား ရက်စက်စွာသတ်ဖြတ်မှုသည်လည်းကောင်း၊ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် အိန္ဒိယ-မြန်မာနယ်စပ်စည်းမျဉ်းပေါ်ရှိ စံခပ်လော်ရွာတွင် စစ်ဘေးရှောင်လျက်ရှိကြချိန် အသုဘကို ပို့၍ ပြန်လာသည့် သနန်ရွာသား ရှမ်းနီးအမျိုးသား ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်မှုသည်လည်းကောင်း၊ အပြစ်မဲ့ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိဖြင့် လက်ကိုင်အကြမ်းဖက်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ လုပ်ရပ်သည် လူမဆန်သည့်အပြင် လူမျိုးတစ်မျိုးမှ အခြားလူမျိုးအား အနိုင်ကျင့်ဗိုလ်ကျခြင်းဖြစ်ပြီး၊ မိမိတို့ ရှမ်းနီလူမျိုးများအား လူမျိုးသုန်းပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သည့်အတွက် အဆိုပါ လုပ်ရပ်အား ပြင်းထန်စွာလုံးဝ(လုံးဝ)ဆန့်ကျင်ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

 

နောင်ယခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးသည် လူမျိုးသုန်း သတ်ဖြတ်မှုမြောက်သောကြောင့် PDF အမည်ခံ ကူးကီး၊ ချင်းလက်နက်ကိုင်နှင့် ၎င်းတို့အား ပံ့ပိုးကူညီကြသော အဖွဲ့အစည်းများတို့၏ အလုံးစုံတာဝန် သာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မိမိတို့ ရှမ်းနီဒေသတွင်း နေထိုင်ကြသော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခြားပြည်သူ့အကျိုး စီးပွားများ ပျက်ပြားစေရန် ကြံဆောင်လုပ်ကိုင်ကြသော မည်သည့်အဖွဲ့အစည်းကို မဆိုတုံ့ပြန်တိုက်ထုတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post